ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ကျပ် (၂) သောင်းနှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်(၁၀) နာရီတွင် အိမ်တိုင်အရောက် သွားရောက်ထောက်ပံ့ခဲကြောင်း သိရသည်။