ဒေါ့ဖုန်းယန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ရိုက်ကူး
- Read more about ဒေါ့ဖုန်းယန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ရိုက်ကူး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ပြည်သူ့ စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုနှုန်း များပြားနေချိန်အတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်သူများအတွက် စာအုပ်မိတ်ဆက်ခြင်းနှင့် ဗဟုသုတရရှိစေမည့် အစီအစဉ်များကို ရိုက်ကူးကာ အသိပညာပေး အစီအစဉ်များကို အွန်လိုင်း မှတစ်ဆင့် လွှင့်တင် ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းပေါ် လွှင့်တင်နိုင်ရေးအတွက် သုတစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့သည်။