ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယခင်ကမ်းပါးပြိုသည့်နေရာ ထပ်မံပြိုကျမှု ဖြစ်ပွား
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲ ချိန်ခန့်တွင် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်းသွား လမ်းမကြီးတံတား ညီနောင်အနီး ယခင်ကမ်းပါး ပြိုကျသည့်နေရာ ကီလိုမီတာ (၉၀/၉၁) ကြား လမ်းမ၏ယာဘက်ခြမ်းတွင် တောင်ကမ်းပါးပြိုကျလာမှုကြောင့် အလျား(၁၅၀) ပေ၊ အနံ(၂၅) ပေ၊ အမြင့် (၁၅) ပေခန့်ရှိ မြေစာနှင့်ကျောက်ခဲများ ပိတ်ဆို့သွားသဖြင့် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။