ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆိုင်ထိုင်ရောင်းချခွင့်ပြုထားသည့် စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းများ နှင့်အညီ ရောင်းချရန် အသိပေးဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချရန်အတွက် ဩဂုတ်လ (၂၄)ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။