ကာမိုင်းမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စု(၁၇၁၂)စုအတွက် နိုင်ငံတော်မှဒုတိယအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ငွေပေးအပ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများဖြစ်သည့် အိမ်ထောင်စု(၁၇၁၂)စုတို့အတွက် နိုင်ငံတော်မှ ဒုတိယအကြိမ် အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းစီကို ယနေ့နံနက်(၉)နာရီက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။