ရှင်ဗွေယန်မြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်(၁၀) နာရီတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။