ပူတာအိုမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများနှင့် နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းများ ဆောင်ရွက်
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူများ စနစ်တကျ Mask တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါကို ပူးပေါင်းကာကွယ် နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး တေးသရုပ်ဖော် အကများဖြင့် အသိပညာပေး နှိုးဆော်မှုများနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက ပူတာအိုမြို့ လူစည်ကားရာ ဈေးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။