ချင်းပြည်နယ်အဝင် ခိုင်ကမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိရေး မြို့အဝင် မြို့အထွက် စုပေါင်းစစ်ဆေးရေးဂိတ်များတွင် မြို့ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီနှင့် တပ်မတော်သားများ၊ မြို့နယ်မြေရဲ စခန်းမှတာဝန်ရှိသူများ၊ မြို့မီးသတ် တပ်ဖွဲ့ဝင်များမှ ကျန်းမာရေး စစ်ဆေးခြင်း လူဝင်လူထွက် စစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်း ကောက်ယူခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။