ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေး ဆောင်ရွက် ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အထူးရဲများအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့နယ်ပြည်သူ့ အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။