တွန်းဇံမြို့၌ အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။