ကချင်ပြည်နယ်

ရွှေကူမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းရှိ ရွေးသွေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ကချင်ပြည်နယ်အတွင်း မြစ်ရေကြီးမြင့်မှုဖြစ်စဉ်ကြောင့် ရေဘေးသင့်ပြည်သူများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဇွန်လ ၃၀ ရက်နှင့် ဇူလိုင် ၁ ရက် နေ့တို့တွင် ဧရာဝတီမြစ်ရေသည် စံချိန်တင်ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သည့်အပြင် မိုးကောင်းချောင်းရေ ကြီးမြင့်မှုလဲဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံမှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကူးစက်ရောဂါများမဖြစ်ပွားစေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ သိရသည်။

မြစ်ကြီးနားမြို့၌ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၂)စေလွှတ်နိုင်ရေး ဆန်းစစ်ရွေးချယ်ပွဲကျင်းပ

ကချင်ပြည်နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာဦးစီးဌာန ပြည်နယ်တွင်း အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် ကာယ(ဆရာ/မ)များ အရည်အသွေး တိုးတက်မြင့်မားစေရေး နေပြည်တော်ကောင်စီနယ်မြေတွင်ဖွင့်လှစ်မည့် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၂)တွင် တက်ရောက်ခွင့်ရရှိမည့် ဆရာ/မများအား ဆန်းစစ်ရွေးချယ်ပွဲကို ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် ပြည်နယ် ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး မြစ်ကြီးနားမြို့၌ ကျင်းပ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂)လရက်‌နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁၁ နာရီခွဲက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းခရိုင်၌ ဝါးစိုက်ပျိုးရေးလုပ်ငန်းအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ဝါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ဝါးစိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့ Community Centre ခန်းမတွင် (၇၇)နှစ်မြောက်အာဇာနည်းနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းသားကျောင်းသူ လူငယ်များအား အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြု လေးစားကြည်ညိုတတ်စေရန် ရည်ရွယ်၍(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ထမင်းဗူးများ လှူဒါန်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဗူးများကို ဇူလှိုင်လ ၁၅ ရက် နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ ၁၆ရက် မွန်းလွဲ ၁နာရီက (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်