ကချင်ပြည်နယ်

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဘေးသင့်ဝန်ထမ်းများအား အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေကြီးမြင့်ခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေဘေးသင့်အမြဲတမ်းနှင့် နေ့စားဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ဇူလိုင် ၁၆ ရက် နံနက် ၁၁ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး တက်ရောက်ဖွင့်လှစ်ပေး

နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများလှူဒါန်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများကို ယမန်နေ့နံနက် (၁၀) နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများလှူဒါန်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ရွှေတောင်တန်းဆီဆိုင်ပိုင်ရှင်နှင့်ဝန်ထမ်းများက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုန်းတော်ကြီးကျောင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများကို ယမန်နေ့နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း စက်သုံးဆီလုံလောက်ဖူလုံစွာ လည်ပတ်နိုင်ရေး ကံပိုင်တည်နယ်စပ်မှတစ်ဆင့် ပြည်နယ်အတွင်း တင်သွင်းမည့်ကုမ္ပဏီများနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လျာထားချက်ပြည့်မီစွာ တင်သွင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် ပြည်နယ်အတွင်းသို့ စက်သုံးဆီ လုံလောက်ဖူလုံစွာ လည်ပတ်နိုင်ရေးအတွက် ပြည်နယ်စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီဝင်များနှင့် တင်သွင်းခွင့်ရ ကုမ္ပဏီများတွေ့ဆုံ၍ စက်သုံးဆီတင်သွင်းမှုနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် မြစ်ရေကြီးမြင့်မှုဖြစ်စဉ်တွင် ကူညီဆောင်ရွက်ခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် လေဆိပ်ဧရိယာအား မြို့အင်္ဂါရပ်နှင့် အညီ ဖြစ်စေရေး၊ မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့၏ပင်မရေမြောင်းများ ရှင်းလင်းရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီခွဲက တာဝန်ရှိသူများနှင့်အညီ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မချမ်းဘောမြို့တွင် စာကြည့်တိုက်ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံစာကြည့်တိုက် ပညာဆင့်ပွားသင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြန်လည်ထူထောင်ရေးကျေးရွာဖြစ်သည့် ငွေပျော်စံပြကျေးရွာ အပါအဝင် ပလနကျေးရွာအုပ်စုအတွင်းမှ မွေးမြူရေးတောင်သူများအတွက် မွေးမြူ ရေးတိရစ္ဆာန်များ၊ ဆေးဝါးပစ္စည်းများနှင့် ဖြည့်စွက်အစာအိတ်များ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်းရှိ ပလန(၂)၊ ပလန(၃) ကျေးရွာများနှင့် ပြန်လည်ထူထောင်ရေးကျေးရွာတစ်ခုဖြစ်သည့် ငွေပျော်စံပြကျေးရွာမှ ပြည်သူများအား အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းအတွက် မွေးမြူရေးတိရစ္ဆာန်များ၊ ဆေးဝါးများနှင့် အစားအစာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီက ကျေးရွာဘက်စုံ သုံးခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ချီးမြှင့်၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲအဖွဲ့သို့ လှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ကြပြီး အခမ်းအနားကို ဘက်စုံပညာရည် ဒို့လှမ်းချီ တေးသီချင်း သီဆိုဖျော်ဖြေ ဖွင့်လှစ်ကြသည်။
Subscribe to ကချင်ပြည်နယ်