ရွှေကူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမ များအား ဂုဏ်ပြုချီးမြှင့်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသောဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါကျောင်း ပညာဂုဏ်ရည်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။