ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက်(၂၁)နှစ်အောက် လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်လက်ရွေးစင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။