ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း Bill Board စိုက်ထူဖွင့်လှစ်ပေး၊ မိုင်းနားကျေးရွာ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ထောက်ပံ့၊ ဧရာဝတီမြစ်ကမ်းပါးထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူ ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ လူအများစည်ကားရာ နေရာဖြစ်သည့် ဆွမ်ပရာဘွမ်လမ်းနှင့် ဆမားလမ်းဆုံ မီးပွိုင့်အနီး (ကျောက်စိမ်းတုံးအဝိုင်းအနီး)၌ ကျင်းပပြုလုပ်သည်။