ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ မြစ်ကြီးနားမြို့ ယာယီခိုလှုံရာစခန်းနေ ပြည်သူများအား သွားရောက်တွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခြေခံပညာကျောင်းများ ဖွင့်ချိန်တွင် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာ လုံခြုံစွာပညာသင်ကြားနိုင်ရေး အပတ်စဉ် စနေနေ့တိုင်း ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၇) နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။