ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)၏ စတုတ္ထအကြိမ်မြောက် G.T.H.S အောင်လက်မှတ်ပေးအပ်ပွဲတက်ရောက်၊ နို့စားနွားမွေးမြူရေးခြံ၌ မတည်ထောက်ပံ့ငွေများပေးအပ်
ကချင်ပြည်နယ် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေရိက္ခာဖူလုံရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ မေ ၂၆ ရက် နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ပူတာအို)ခန်းမ၌ စတုတ္ထအကြိမ်မြောက် G.T.H.S အောင်လက်မှတ် ပေးအပ်ပွဲတက်ရောက်အမှာစကား ပြောကြားသည်။