ကချင်ပြည်နယ်

တနိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အလယ်တန်းအဆင့် ပန်းချီသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက အလယ်တန်းအဆင့် ပန်းချီသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများ ပညာသင်စရိတ်ထောက်ပံ့ငွေ ပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က စုပေါင်းရုံးရှိ ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”

ဖြေကြားသူ- ဦးတူးခေါင် (ခရိုင်ဦးစီးမှူး-ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ အာရုံစိုက်မိလာစေရန်နှင့်ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုအလေးထားဖြေရှင်း ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ် ဖြစ်သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် တွေ့ဆုံမေးမြန်း အသိပညာပေးဆွေးနွေးမှုများကို ပြည်သူများသိရှိစေရန်တင်ပြလိုက်ရပါသည်-

မိုးညှင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးရွာစီမံကိန်း(ထပ်တိုး) ဒုတိယစက်ဝန်းအတွက် ထောက်ပံ့ငွေကျပ်သိန်း(၁၉၀၀) လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးကျေးရွာစီမံကိန်း(ထပ်တိုး) ဒုတိယစက်ဝန်းထောက်ပံ့ငွေကျပ် သိန်း(၁,၉၀၀)အား လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၀၀၀)အား ပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းပေးအပ်ပွဲနှင့် ယာယီနေရပ်စွန့်ခွာသူများအား ဆန်နှင့် စားသောက်ကုန်များထောက်ပံ့

ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလိမိတက်က ထုတ်လုပ်နိုင်ခဲ့သည့် ကျောင်းသုံးဗလာစာအုပ်များကို ကချင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ ဒါဇင်(၁၀၀၀)လှူဒါန်းပွဲ အခမ်းအနားကို မေ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကချင်ပြည်နယ်၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲများသို့ တက်ရောက်

ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဇွန် ၂၆ ရက်နေ့အထိ သတ်မှတ်၍ နိုင်ငံတစ်ဝှမ်းလုံးတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား/ ကျောင်းသူလေးများက “ဒို့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

ဗန်းမော်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်နှံခြင်းစတင် လက်ခံဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ အခြေခံပညာကျောင်းအသီးသီးတွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ ၂၃ ရက် နံနက်(၉)နာရီက စတင်၍ လက်ခံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရွှေကူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသားကျောင်းသူများကျောင်းအပ်နှံခြင်းစတင် လက်ခံဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၉ နာရီခန့်မှစတင်၍   ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၈)ကျောင်းတွင် ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၃)ရက်မှစတင်၍ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၈)ကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်