ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၊ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေလုံခြုံရေးအခြေအနေအရ လတ်လလောနေရပ် ကျေးရွာများကို စွန့်ခွာ၍ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား မိုးမကျမီ နေအိမ်များ လုံခြုံစွာနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ မေ ၆ ရက် မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ဝိုင်းမော်မြို့ အမှတ် (၄) ရပ်ကွက် သာဂရလီဆူနှစ် ခြင်းအသင်းတော်ကျောင်း၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။