ကချင်ပြည်နယ်

မိုးကောင်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲတွင် ကျင်းပသည်။

တနိုင်းမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မေလ (၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ရှေးဦးသူနာပြုစုနည်းသင်တန်း (၁/၂၀၂၄)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ရွှေကူမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် (၁/၂၀၂၄) အခြေခံအဆင့် ရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်နှင့် ဆုရရှိကြသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပသည်။

နောင်မွန်းမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုပေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကြက်‌ခြေနီနေ့အထိမ်းအမှတ် သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း ထလမ်ရာဇီခန်းမ၌ကျင်းပသည်။

ချီ‌ဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံတရုတ်စကားပြော အခမဲ့သင်တန်းဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂) နာရီတွင် အခြေခံတရုတ်စကား‌ပြော အခမဲ့သင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

တနိုင်းမြို့နယ်၌ “MSY/ SMART Village အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းနှင့် ဆိုလာရေတင်လုပ်ငန်း” မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများနှင့် ပတ်သက်၍ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို မေလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့ဆေးရုံကြီး၌ ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာ့သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲနှင့် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီကကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ မေ(၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ စေတနာ့သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို မေ ၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

တနိုင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စာရေးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ရက်တိုသင်တန်း(၁/၂၀၂၄) ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ရက်တိုသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့၌ ၂၀၂၄ခုနှစ် လူရည်ချွန်မောင်မယ်ခြောက်ဦးအား ကြိုဆိုဂုဏ်ပြု

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်မှ ၂၀၂၄ ခုနှစ် ထူးချွန်ထက်မြက်သည့် လူရည်ချွန်မောင်မယ်များသည် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်ခဲ့ကြပြီး မေလ (၆) ရက် မွန်းလွဲ (၁) နာရီခွဲက မိုးညှင်းမြို့သို့ ပြန်လည်ရောက်ရှိလာကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘဆွေမျိုးများက ဂုဏ်ပြုပန်းစည်းများဖြင့် နွေးထွေးစွာကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်