ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များ မိုးရာသီရေကြီးရေလျှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် လမ်းလယ်ကျွန်းများ စနစ်တကျ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နှစ်စဉ်မိုးရာသီတွင် မြို့ပေါ်ရပ်ကွက်တစ်ချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားရေးလေ့ရှိရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အလိုက် ရေနုတ်မြောင်းများ ပြုပြင်/ တိုးချဲ့ဆောင်ရွက်ပေးခဲ့ပြီး လာမည့်မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။