ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် (ဒုတိယ)အကြိမ်အဖြစ် ဖွင့်လှစ်သည့် မဟာသင်္ကြန်ကာလ မဟာစည်ဝိပဿနာ အထူးတရားစခန်းဖွင့်ပွဲ ကျင်းပ
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စိတ်အေး ချမ်းသာစွာ ကုသိုလ်ကောင်းမှုပြုနိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အထိ ၈ ရက်ကြာဖွင့်လှစ်သွားမည့် (ဒုတိယ)အကြိမ် မဟာသင်္ကြန်ကာလ မဟာစည် ဝိပဿနာအထူးတရားစခန်းကို ယမန်နေ့နံနက် (၉) နာရီက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးရှိ ရွှေမိုးတောင်သာသနာ့ရိပ်သာ၌ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။