ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆွတ်ငိုင်တောင်ယာယီတိမ်းရှောင်စခန်းတွင် ခေတ္တနေရပ်စွန့်ခွာ နေထိုင်သူများအား သွားရောက်အားပေးထောက်ပံ့
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် မြစ်ကြီးနား မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ နေရပ်ကျေးရွာများကို စွန့်ခွာ၍ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တောင်စခန်းသို့ ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၈ ရက် ညနေ ၃ နာရီက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။