ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့နယ် ကျေးရွာများရှိ အခြေခံကျောင်းများ၌ Grade-12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ဝိုင်းမော်မြို့နယ်ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ Grade-12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။