ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၊ မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်အသစ်များ လှူဒါန်းပေးအပ်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာရှိ မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်အသစ်များ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်းပွဲကို မဟာတိလောကရာမစာသင်တိုက် လေးထပ်ကျောင်းဆောင်၌ ဧပြီ(၁)ရက် နေ့လယ်(၁)နာရီတွင် ကျင်းပခဲ့ရာ မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များ၊ စာအောင်သံဃာနှင့် သီလရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်မှ ဝတ်ရွတ်အသင်းများ တက်ရောက်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစွမ်းအား မြှင့်တင်နိုင်ရေး ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း လည်ပတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် သီးထပ်စိုက်ပျိုးစွမ်းအား မြင့်မားလာစေရေးအတွက် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစွမ်းအားမြှင့်တင်နိုင်ရေးအတွက် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးကောင်းမြို့နယ်များမှ တောင်သူများအား ကွင်းသရုပ်ပြပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားကို ဧပြီ ၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက်အတွင်းရှိ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Computer Knowledge&Painting သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြိုတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော Computer Knowledge & Painting သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆုတို့ ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအား လေဆိပ်၌ ကြိုဆိုဂုဏ်ပြု

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကာ ဒုတိယဆုအပြင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆုများကို ရရှိခဲ့ပြီး မတ် ၃၀ ရက် ညနေ ၅ နာရီက မြစ်ကြီးနားမြို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

မိုးကောင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို အ.ထ.က (၁)ကျောင်း မဉ္ဇူသက ခန်းမ၌ ယမန်နေ့ ညနေ (၃) နာရီတွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ပွဲတော်သို့ တက်ရောက်၍ မုခ်ဦး၊ ကမ္ဗည်းကျောက်စာတိုင်များ ဖွင့်လှစ်၊ ကျောင်းသားဟောင်းကြီးများနှင့်အတူ မနောအက စုပေါင်းဆင်နွှဲ

ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့၏ ပညာရေးသမိုင်းတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ (၁၉၂၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ) နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကို ကျောင်းသားဟောင်းများ စုပေါင်း၍ (၂)ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကျောင်းသားဟောင်းများနှင့်အတူတကွ ရာပြည့်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ယာယီတိမ်းရှောင်လာသော ပြည်သူများအား ဒုတိယအကြိမ် သွားရောက်တွေ့ဆုံအားပေး၍ မိသားစုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းများအတွက် အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လတ်တလောနယ်မြေအခြေအနေအရ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာ၊ နောင်တာလော၊ နောင်ချိန်း၊ ခေတ်ချိုကျေးရွာများရှိ ဘာသာရေးကျောင်းများ၊ နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနား KBC IDPs စခန်းသို့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား KEP Logistics ဝင်းအတွင်း မော်တော်ယာဉ်များ စုပေါင်းရပ်နားထားရှိ အခြေအနေများနှင့် ဘဏ္ဍာနှစ်အလိုက် သီးထပ်များတိုးချဲ့စိုက်ပျိုးနိုင်‌ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် စက်မှုဇုံအပိုင်းရှိ မြစ်ကြီးနား KEP Logistic အသင်းပိုင်ဝင်းအတွင်း နယ်စပ်ဂိတ်မှ မန္တလေးသို့တင်ပို့သွားမည့် စက်သုံးဆီတင် ဘောင်ဆာကားကြီးများ၊ တွဲကားများ ရပ်နားထားရှိမှုအခြေအနေများနှင့် ဗလမင်းထင် စံပြစိုက်ကွင်း အတွင်း လယ်သီးထပ်ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုများကို မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက လှည့်လည်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဖားကန့်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးများပြင်ထန်းစွာ ကြွေကျခြင်းကြောင့် နေအိမ်အများစု သွပ်မိုးများ ပေါက်ပြဲမှုဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း မတ်လ (၂၆) ရက် ည (၁၁) နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသီးများပြင်းထန်စွာ ကြွေကျခြင်းကြောင့် လူနေအိမ်အများစု သွပ်မိုးများ ပေါက်ပြဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်