ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်၊ နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်၊ ကမ်းနားလမ်း (ဝိုင်းမော်ကူးတို့ဆိပ်မှ နိုင်ငံ့ဂုဏ်ရည်လမ်း)အထိ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါလမ်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။