မိုးကောင်းမြို့၌ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အခမ်းအနားကျင်းပ၊ TB သံသယရှိသူများအား အခမဲ့ဓာတ်မှန်ရိုက် ဆေးစစ်ကုသပေး
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အခမ်းအနားနှင့် TB သံသယရှိသူများအား အခမဲ့ဓာတ်မှန်ရိုက်ဆေးစစ်ကုသခြင်းကို မတ်လ(၂၃)ရက် နံနက်(၁၀)နာရီတွင် မိုးကောင်းပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ကျင်းပသည်။