ကချင်ပြည်နယ်

ချီဖွေမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီ‌ဖွေမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်း အဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ချီဖွေ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ် ၂၅ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း နိုင်ငံရတနာ ခန်းမတွင် ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးနှင့် ကချင်ပြည်နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အေးမြ သီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကူမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်း အဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့် (မြို့နယ်အဆင့်) ဆွေးနွေးပွဲကို မတ်လ ၂၅ ရက် နံနက် ၉ နာရီခန့်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၂၀၂၄) ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက် အံတော်ရှင်တောင်တန်း သာနာပြုကျောင်းတိုက်အတွင်းရှိ ဗဟိုဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာဇောတိကဓဇ ဘဒ္ဒန္တစန္တာဝရာဘိဝံသ အမှူးပြုသော ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်း အနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။

မိုးကောင်းမြို့၌ မင်္ဂလာစုမ့်မိန်း စေတီတော်မြတ်ကြီးအား သတ္တဌာနအလယ်ဌာပနာသွင်းလှူပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အောင်မင်္ဂလာကျေးရွာ၌ မိုင်းဖုန်းဆရာတော်အားအမှူးပြု တည်ထားကိုးကွယ်တော်မူအပ်သော မင်္ဂလာစုမ့်မိန်းစေတီတော်မြတ်ကြီးအား သတ္တဌာနအလယ်ဌာပနာသွင်းလှူပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင်ကျင်းပရာ အမှတ်(၃)ခြေလျင်တပ်မဟာမှ တပ်မဟာမှူးဗိုလ်မှူးကြီးသန့်ဇင်ဦးနှင့် ဇနီး၊ တပ်မဟာမိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်ဌာနဆိုင်ရာများ၊ စေတီကုသိုလ်အလှူရှင်များနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများတက်ရောက်ကြည်ညိုကြသည်။

မိုးကောင်းမြို့၌ သဲပုံစေတီ ထီးတော်တင်လှူခြင်းအခမ်းအနား ကျင်းပ

ဆောင်းအကုန်နွေအကူး မြန်မာလ(၁၂)လတွင် နောက်ဆုံးလဖြစ်သည့် တပေါင်းလသည် မြစ်ချောင်းများသောင်ထွန်း၍ ငွေရောင်တောက်ပသော သဲသောင်ပြင်တွင် မြန်မာလူမျိုးများ သဲပုံစေတီတည်လှူသည့် ရိုးရာဓလေ့သည် မြတ်စွာဘုရားမပွင့်မီကတည်းက ရှိခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး)ရေလယ်ဘုရား (၁၅၅)ကြိမ်မြောက် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး)ရေလယ်ဘုရား (၁၅၅) ကြိမ်မြောက် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို နှစ်စဉ်တပေါင်းလပြည့်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်အားပေး

ကချင်ပြည်နယ် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနည်းအလိုက် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တက်ရောက်အမှာစကားပြောကြားခဲကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်