ကချင်ပြည်နယ်

ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်း ချက်ပန်းတိုင် များ ကောင်းမွန်စွာလျှောက်လှမ်းနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ

ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ခြင်းအားဖြင့် ပြည် နယ်၏ စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှု အထောက်အပံ့ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျေးရွာစီမံကိန်း (ဒုတိယစက်ဝန်း) ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျေးရွာစီမံကိန်း(ဒုတိယစက်ဝန်း) ထောက်ပံ့ငွေကျပ် သိန်း(၄၆၀၀)အား လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ စာစီစာကုံးပြိုင်ပွဲ ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာဖတ်ရှိန် မြှင့်တင်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ( ၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် မချမ်းဘောမြို့နယ်ရှိ ကျောင်းသား/ကျောင်းသူ ၃၆ ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ ၃၆ ဦးဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။

တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ် စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ငယ်စဉ်မှစ၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နှိုးဆော်ခြင်းနှင့် အသိပညာပေး စာစောင်ဖြန့်ဝေခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များ နှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေးအသိပညာပေးစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ(၆)ရက် ညနေ(၄)နာရီက မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် မီးလင်းရေးအတွက် အထမ်ချောင်းရေအားလျှပ်စစ် အကောင်အထည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် လျှပ်စစ်မီးလင်းရေးအတွက် မြို့နယ်အတွင်းရှိ အထမ်ချောင်းမှတစ်ဆင့် ရေအားလျှပ်စစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲ စာအုပ်ပြပွဲနံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်