မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည့် ကျေးရွာကော်မတီများသို့ စီမံကိန်း (ဒုတိယစက်ဝန်း) မတည်ထောက်ပံ့ငွေ ပေးအပ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သည့် ကျေးရွာကော်မတီများသို့ စီမံကိန်း (ဒုတိယစက်ဝန်း) မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။