ဝိုင်းမော်မြို့နယ်တွင် စပါးခွံလောင်စာသုံး ဆန်စက်လုပ်ငန်းရှင်များအား ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောဆောင်ရွက်
ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်းဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို သက်ဆိုင်ရာ နယ်ပယ်အလိုက် အသိပညာပေး ဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁) နာရီက ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ ဦးအိုက်လောင်း ဆန်စက်နှင့် မုတ်လွဲကျေးရွာနေ ဦးသန်းလွင် ပိုင်ဆိုင်သည့် ဆန်စက်တို့တွင် အသိပညာပေး ဟောပြောပွဲများကို တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။