မချမ်းဘောမြို့နယ်ရှိအခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု အသက်၅နှစ်အထက် နှင့်အသက် ၇ နှစ်အောက် ကျောင်းသားကျောင်းသူများအား ဆုံဆို့-မေးခိုင် (DT)ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းအခြေပြု အသက် ၅ နှစ်အထက် အသက် ၇ နှစ်အောက်ကျောင်းသားကျောင်းသူ များအားဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။