လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေး (မူလွန်)ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။