ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၁၂)ကြိမ်မြောက် (၂)နှစ် ဒီပလိုမာသင်တန်းဆင်းပွဲ၊ (၁၃)ကြိမ်မြောက် သင်တန်းဖွင့်ပွဲနှင့် တန်ဖဲနှစ်ခြင်းခရစ်ယာန်အသင်းတော် (၇၅)နှစ်မြောက် ယုဘိလစိန်ရတုနှင့် ဗိမ္မာန်တော် အနုမောဒနာပြုဓမ္မသဘင်ပွဲတော်သို
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၁၂)ကြိမ်မြောက် (၂)နှစ် ဒီပလိုမာသင်တန်းဆင်းပွဲနှင့် (၁၃)ကြိမ်မြောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ဘုန်းတော်ကြီးကျောင်း သာသနာ့ဟိတဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ တက်ရောက်ကြသည်။