ကချင်ပြည်နယ်

မိုးကောင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲနှင့် ဟောပြောပွဲကို အထက(၂)ကျောင်းရတနာခန်းမ၌ ဒီဇင်ဘာ (၂၇)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်နေမှုနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်ပညာရေးမှူးရုံးက ဦးစီးကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ပြည်နယ်အဆင့် အထက် တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၊ သာသနာ့ဗိမ္မာန်တော်၌ (၁၀)ရက်တိုင်တိုင် ကျင်းပခဲ့သည့် ဥပ္ပါတသန္တိပရိတ် ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းနှင့် ကချင်ပြည်နယ်အတွင်း ဘေးဥပါဒ်အန္တရာယ် အမျိုးမျိုး ကင်းရှင်း၍ ကောင်းခြင်းမင်္ဂလာ စီးပွားချမ်းသာ တိုးတက်စေရန် ရည်သန်လျက် မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်၍ (၁၀)ရက်တိုင် ကျင်းပပြုလုပ်ခဲ့သည့် ဥပ္ပါတသန္တိ ပရိတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက အဆိုပါ ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အုပ်စုမှ ယာယီတိမ်းရှောင်ပြည်သူများ၊ ပညာရေးဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေး၍ ဆန်ရိက္ခာ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုများကြောင့် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးတိုက်နယ်နှင့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ယာယီတိမ်းရှောင်လာသော ဒေသခံပြည်သူများနှင့် ပညာရေးဝန်ထမ်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲက ဒေသခံပြည်သူများနှင့် ပညာရေးဝန်ထမ်း များအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့ကြသည်။

မိုးညှင်းမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်စေချင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေးစောင့်‌ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောင်မှုလုပ်ငန်း များကို ယနေ့ နံနက်ပိုင်းက အဆိုပါ ပြည်သူ့ဆေးရုံကြီး (၄)ထပ်လူနာဆောင်၊ သွားနှင့် ခံတွင်း ကုသ ဆောင်၌ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူ များက သွားရောက်ကုသိုလ်ပြုအားပေးခဲ့ကြသည်။

မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပူတာအိုခရိုင်၌ ၂၀၂၃-ခုနှစ် ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ္စမတ်ပွဲတော်ကျင်းပပြီးစီး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၃-ခုနှစ် ခရစ်တော်မွေးနေ့အထိမ်းအမှတ် ခရစ္စမတ်ပွဲတော်ကို ယခုလ လဆန်းပိုင်းမှ စတင်ပြီး ဂိုဏ်းဂဏအသီးသီးတွင် ကျင်းပလျက်ရှိရာ ဒီဇင်ဘာ (၂၅)ရက်နေ့တွင် ကျင်းပပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မချမ်းဘောမြို့ ကျောက်နဂါးအောင်တော်မူအေးစေတီတော်မြတ်ကြီးတွင် ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ရှိ အထင်ကရနေရာ ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ်ကြီး၌ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက ကျောက်နဂါးကုန်းတော် အောင်တော်မူအေးစေတီတော်မြတ်ကြီး ရင်ပြင်၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများ အပန်းဖြေလည်ပတ်နိုင်ရေး နောင်တာလောရေလယ်ကျွန်းပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအား ဒုတိယအကြိမ် ဖွင့်လှစ်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ သဘာဝတောတောင်ရေမြေကိုအခြေခံသည့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသသစ်များကို စီမံဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နောင်တာလောကျေးရွာအုပ်စုပိုင် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်း(သဲသောင်ပြင်)ပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်