ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ၊ အကြိမ်(၂၀)နှင့်အထက် သွေးလှူရှင်များအား ဂုဏ်ပြုပွဲနှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နေရပ်ပြန် ပြည်သူများအတွက် အိမ်မွေးတိရစ္ဆာန်များ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအဖြစ် တတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ သီတာရပ်ကွက် ပြည်နယ်ဘောလုံးကွင်းရှေ့စုရပ်မှ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ပေါက်လာစေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ပေါက်လာစေရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ မြက်ခင်းပြင်တွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာအပါအဝင် သီးထပ် စိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသအလိုက်စားရေရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက် ၆ နာရီခွဲက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း ဒေသတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်းရှိ နေရပ်ပြန် ပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနိုင်ရေး အိမ်မွေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရေး အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်နှင့် ဆိတ်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပလန ကျေးရွာအုပ်စု၊ ပလန-၃ အင်ကြင်းမြိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ(စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ(စာထားကွင်း) ဆီထွက်သီနှံ လယ်ယာကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရဝမ်တိုင်းရင်းသားများ၏ ရှေးဘိုးဘွား အဆက်ဆက်က အသုံးပြုလာခဲ့သည့် အဇီ(ခေါ်)လျှော်ပင်မှ ထွက်ရှိသော ချည်သားဖြင့် ရိုးရာအဝတ်အထည်များ ရက်လုပ်ဝတ်ဆင်

မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် မှီတင်းနေထိုင်ကြသည့် ရဝမ်တိုင်းရင်းသားများသည် ရဝမ်ဘာသာ စကားဖြင့် အဇီ(ခေါ်)လျှော်ပင်မှ ရရှိလာသည့် ချည်သားများဖြင့် ရိုးရာအဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများ ရက်လုပ်ဝတ်ဆင်မှုကို ရှေးဘိုးဘွား ခေတ်အဆက်ဆက်က အသုံးပြုလာခဲ့ရာ ယနေ့အထိပင်ဖြစ်သည်။

ဆွမ်ပရာဘွမ်မြို့တွင် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်း၍ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သယံဇာတနှင့်သဘာဝပတ်ထိန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော်ဆောင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ဒုတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်ခန်းမ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ဒုတိယအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ စားရေရိက္ခာဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော ပြည်နယ် အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ သျှမ်းနှစ်သစ်ကူးပွဲတော်အား တက်ရောက်အားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံစေရေး၊ သီးထပ်သီးနှံစိုက် ပျိုးစွမ်းအားတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော လုပ်ငန်းများတွင် ပိုမိုတိုးချဲ့ မတည်ပေးနိုင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်