ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးကွင်းနှင့် ရွှေအိုက်ကွင်းအတွင်း စိုက်ပျိုးမွေးမြူရေး တွဲဖက်ဆောင်ရွက်သည့် ခြံစိုက်တောင်သူများနှင့် တွေ့ဆုံ၊ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီအချိန်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်း ပမ္မတီးကွင်းနှင့် ရွှေအိုက်ကွင်းရှိ စိုက်ပျိုးမွေးမြူရေး တွဲဖက်လုပ်ကိုင်ဆောင်ရွက်သည့် ခြံစိုက်တောင်သူများ၏ ခြံများသို့ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပူတာအိုဒေသ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် သဘာဝရေခဲတောင်များ စတင် မြင်တွေ့နေရ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပူတာအိုခရီးစဉ်ဒေသ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့် သဘာဝရေခဲတောင်များကို ယခုလဆန်းပိုင်းမှ စတင်မြင်တွေ့ခဲ့ရခြင်း ဖြစ်ပြီး ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ဖြူဖွေးလှပ သိသာထင်ရှားစွာ မြင်တွေ့နေရပြီဖြစ်သည်။

ပူတာအိုမြို့နယ် အ.မ.က လွန်-ဂျူဗလီကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကျောင်းသူ၊ ကျောင်းသားများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ ဓာတ်ပုံပြပွဲပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို ဒီဇင်ဘာလ (၁၉)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ဂျူဗလီကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်သည်။

မိုးညှင်းမြို့နယ် မြို့သစ်ကလေးကျေးရွာ လယ်ယာကုန်ထုတ်လုပ်ငန်း ဖောက်လုပ်နေမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အကောင်းအထည်ဖော် ဆောင်ရွက်လျက်ရှိသော မြို့သစ်ကလေးကျေးရွာ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပရေး ပန်းခြံငယ်၊ ပန်းဥယျာဉ်ငယ်များနှင့် အပန်းဖြေနေရာများ ဆောင်ရွက်ထားရှိမှုအားကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပရေး၊ ပန်းမြို့တော် စီမံကိန်းဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့တွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းတည်ငြိမ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၌ ဘေးအန္တရာယ်ကင်းစေရန်နှင့် စီးပွားချမ်းသာတိုးတက်စေရန် ဥပ္ပါတသန္တိပါဠိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းနှင့် ကချင်ပြည်နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်ရန်စွယ် အမျိုးမျိုးကင်းရှင်းပြီး ကောင်းခြင်းမင်္ဂလာ စီးပွားချမ်းသာတိုးတက်စေရန် ရည်ရွယ်၍ မြတ်စွာဘုရား ဟောကြားတော်မူသည့် ဥပ္ပါတသန္တိပါဠိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက် ၆ နာရီက မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၂၀၂၃ ခုနှစ်၊ အခြေခံပညာကျောင်းသားအားကစား ပွဲတော်တွင် အောင်ပွဲရ ပြည်နယ်အားကစားအဖွဲ့အား ဂုဏ်ပြု၊ မြစ်ကြီးနားဇုံအဆင့် တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများအား တက်ရောက်ဖွင့်လှစ်အားပေး

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူး၍ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စတုတ္ထအဆင့်ရရှိခဲ့သော ကချင်ပြည်နယ် ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၈ ခွဲက မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် အားကစားခန်းမတွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက် မြင့်မားရေး ဒုတိယအကြိမ် TOT သင်တန်းဖွင့်ပွဲနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ဘောလုံးကွင်း Auto ရေဖျန်းစနစ်ဖွင့်ပွဲသို့ တက်ရောက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်းတန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်များနှင့် အထက်တန်းပြဆရာ၊ ဆရာမများအား ဒုတိယအကြိမ်အဖြစ် TOT သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၁၇) ရက် နံနက် (၉) နာရီက မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်