ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ ကတ်သလစ်သာသနာ သံလုကာကောလိပ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် (၇၅)နှစ်မြောက် ဓမ္မသင်တန်းကျောင်း စိန်ရတုဂျူဗလီပွဲတော်သို့ တက်ရောက်အားပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သံလုကာကောလိပ်ကျောင်းဝင်းအတွင်း စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းသည့် ငွေကြေး၊ ဝတ္တုပစ္စည်းတို့ဖြင့် ဆောက်လုပ်ပြီးစီးသော သံလုကာကောလိပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ဓမ္မသင်တန်းကျောင်း(၇၅)နှစ်မြောက် စိန်ရတုဂျူဗလီပွဲတော် ဆုတောင်း ကောင်းချီးပေးပွဲအခမ်းအနားကို ဧဒင်(တပ်ကုန်း)ရပ်ကွက်ရှိအဆိုပါ ကောလိပ်ဝင်းအတွင်း ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်သည်။

ဖားကန့်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၇)ရက် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်း ဥတုရတနာခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းကို ယနေ့နံနက် (၈) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ပူတာအို၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်အခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှအခမဲ့ထုတ် ဝေသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဒီဇင်ဘာ (၅) ရက် နံနက် (၈) နာရီခွဲက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ဖြန့်ဝေ သည်။

မိုးညှင်းမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(နားခါ)၌ ဖြန့်ဝေပေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ခရစ္စမတ်ပွဲတော် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ခရစ္စမတ်ပွဲတော် ကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

မချမ်းဘောမြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က မချမ်းဘောကျောင်းခန်းမ၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၁၀၃နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့တွင် ကျရောက် မည့် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ (၄၄)ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မပါလစာမေးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၄၄) ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ဝိနယသဒ္ဓမ္မ ပါလစာမေးပွဲကို မြို့နယ်သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ဒီဇင်ဘာ (၄)ရက်မှ (၇)ရက်အထိ မွန်းလွဲ(၁၂)နာရီခွဲမှ စတင်ကာ ဉတ္တရာရာမကျောင်းတိုက်၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက် မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်

ကချင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေး အတွက် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပညာရေးမှူးနှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်/ မြို့နယ် ပညာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်