ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်အတွင်း သီးထပ်စွမ်းအားတိုးမြှင့် စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံနေကြာအပါအဝင် သီးထပ်စိုက်ပျိုးစွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၂  ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်အတွင်းရှိ စံပြစိုက်ကွင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမအပတ်အဖြစ် ယမန်နေ့ နံနက် ၅ နာရီခွဲက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ သီတာရပ်ကွက် ပြည်နယ်ဘောလုံးကွင်းရှေ့ စုရပ်မှ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းသားအားကစားအဖွဲ့သို့ အောင်နိုင်ရေး အလံပေးအပ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာ အားကစားပွဲတော်သို့ သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ် ကိုယ်စားပြု အခြေခံပညာကျောင်းသား အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွမ်ပရာဘွမ် အ-ထ-ကကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို  ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (မရန်ယောရှု)ကျောင်းစာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့နယ် အ.ထ.က-နမ္မတီးကျောင်း၌ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ် သင်ကြားပို့ချ

ကျောင်းသား၊ ကျောင်းသူများ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်းဖြင့် သဘာဝဘေး အန္တရာယ်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်တင်နိုင်သည့် ရှေးဦးပြုစုခြင်း အခြေခံပညာရပ်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုကောင်းမြို့နယ် အ.ထ.က-နမ္မတီးကျောင်း၌ ယနေ့နံနက် (၉)နာရီတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့၌ အေအိုင်ဒီအက်စ် (AIDS) ကင်းဝေးရေး ပြည်သူလူထုဦးဆောင်ပေး ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ် ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့၏ “Let Communities Lead” အေအိုင်ဒီအက်စ် ကင်းဝေးရေး ပြည်သူလူထုဦးဆောင်ပေး ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင် ကျင်းပသည်။

မြစ်ကြီးနားမြို့ရှိ ကချင်ရိုးရာ အသင့်စား အသားခြောက်အမျိုးမျိုး ထုတ်လုပ်နေသည့် (MSME) လုပ်ငန်း

မြန်မာပြည်မြောက်ဖျားရှိ ကချင်ပြည်နယ်သည် ထူးခြားထင်ရှားသည့် နယ်မြေဒေသ တစ်ခုဖြစ်သလို သဘာဝသယံဇာတ အရင်းအမြစ်များ ပေါများကြွယ်ဝလှသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။ အထင်ကရထင်ရှားလှသည့် လေ့လာလည်ပတ်စရာကောင်းသည့် ရေခဲတောင်ဒေသ နှင့်အတူ နေရာများစွာရှိသလို ဒေသထွက်အဝတ်အထည်များ၊ အလှဆင်လက်ဝတ်ရတနာများ၊ ဒေသအစားအစာများလည်း အပါအဝင်ဖြစ်ပါသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က တစ်နှစ်တာအတွင်း ဦးစွာရရှိသည့် ကောက်ဦးစပါးဖြင့် ၂၀၂၃ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းပွဲ ကျင်းပပြုလုပ်

ကချင်ပြည်နယ်အတွင်း ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် တစ်နှစ်တာအတွင်း တောင်သူတို့၏ လယ်ယာမှ ဦးစွာရရှိသော ကောက်ဦးစပါးပေါ်ချိန် အင်လုံအင်နန်ရှားပွဲဟု ခေါ်ဆိုသည့် ရိုးရာ ကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲတော်ကို နှစ်စဥ်ကျင်းပလေ့ရှိရာ ကချင်ပြည်နယ်အစိုးရ အဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ တောင်သူများ စုပေါင်းကာ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲ ကျေးဇူးတော် ချီးမွမ်းပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ယမန်နေ့နံနက် ၉ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗန်းမော်မြို့နယ် ခေတ်မီစံပြမံရေးကျေးရွာ၌ အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းမှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ခေတ်မီစံပြ ကျေးရွာရှိလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်ပြီး အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ်၊ မံရေးကျေးရွာ၊ မြစိမ်းရောင်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မဒိန်ကျေးရွာဧက ၁၀၀ စံပြဆောင်းသီးနှံစိုက်ပျိုးပွဲတော်နှင့် အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်အကောင်းဆုံးရွတ်ဆိုရွေးချယ်ပွဲသို့ တက်ရောက် အားပေးချီးမြှင့်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် စိုက်ပျိုးထားရှိသည့် ဧက ၁၀၀ စံပြမိုးစပါးစိုက်ကွင်းသို့ နိုဝင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီက သွားရောက်ပြီး မိုးစပါးရိတ်သိမ်းပြီး လယ်များတွင် ဆောင်းသီးနှံစိုက်ပျိုးပွဲတော်သို့တက် ရောက်သည်။
Subscribe to ကချင်ပြည်နယ်