ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြုလုပ်ကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေး ပွဲတော်တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အနာဂတ်လူ့အဖွဲ့အစည်းအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်သော အင်အားစုများဖြစ်လာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် အင်္ဂလိပ်စကားပြော သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် အင်္ဂလိပ်စကားပြောသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကချင်ပြည်နယ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အခြေခံအားကစားအဆောက်အအုံများ ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် ကချင်ပြည် နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခြေခံအားကစားအဆောက်အအုံများ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ဘုရား စေတီပုထိုးများတွင် ကုသိုလ်ဖြစ် စတုဒီသာကျွေးမွေး၊ ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့်အတူ ဆီမီး ၂၀၀၀၀ ရေမျှောပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပ ပြုလ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် မြန်မာ့ရိုးရာ အစဉ်အလာမပျက် တန်ဆောင်တိုင်ပွဲတော်ကို ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် ကုသိုလ် ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိရာ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ယခင်နှစ်များနည်းတူ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရှင်ဥပုဂုတ္တမထေရ်ဖောင်တော်နှင့် ဆီမီး ၂၀၀၀၀ ရေမျှောပူဇော်ပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ မြို့/ရွာများ စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်များပိုမိုစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ အင်္ဂလီကန်အသင်းတော်အတွက် ကောက်ဦးအလှူအဖြစ် ဆန်နှင့် အခြေခံစားသောက်ကုန်များ သွား‌ရောက်လှူဒါန်း

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့/ရွာများ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။

ပူတာအိုခရိုင်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စီ မံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များက တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်တွင် သီတင်းသုံးတော်မူကြသော ပုရိမဝါမှ ထမြောက်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် ပင့်သံဃာအရှင်သူမြတ်တို့အား ကထိန်လျာမြတ်သင်္ကန်း၊ အခြံအရံသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ အနုမောဒနာတရားနာကြားခြင်းနှင့်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းအခမ်းအနားကို နိုဝင်ဘာ(၂၆)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် စုပေါင်းမဟာဘုံကထိန်ပွဲတော် အခမ်းအနား ကျင်းပပြုလုပ်၊ ရိုးရာကောက်သစ်စားပွဲတော် ကျင်းပနိုင်ရေး ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၃ ခုနှစ် (သာသနာနှစ် ၂၅၆၇ ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၅ ခု)အတွက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန် အသင်းတော်များနှင့် အခြားဘာသာရေး အသင်း/ အဖွဲ့များထံ ကောက်သစ်/ ကောက်ဦးပေါ်ချိန် ကောက်ဦးအလှူအဖြစ် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်း

မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများက ရိုးရာဓလေ့ထုံးစံပွဲတော်ဖြစ်သည့် ကောက်သစ်စား (အင်လုံအင်နန်ရှား) ပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ် လေ့ရှိသည့်အပြင် ကောက်ဦး/ ကောက်သစ်ပေါ်ချိန်တွင် အဦးအဖျားရရှိသည့် ကောက်ပဲသီးနှံများကို အလှူဒါနအဖြစ် လှူဒါန်းမှုများကိုလည်း ဆောင်ရွက်လေ့ရှိရာ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးကျောင်းများနှင့် အသင်း/ အဖွဲ့အသီးသီးသို့ သွားရောက်ပြီး ကောက်ဦးအလှူအဖြစ် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို လှူဒါန်းကြသည်။

ပူတာအိုခရိုင်၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များကို မြို့တွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ လှည့်လည်ခြင်းများကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့တွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နေ့သင်တန်းများစတင်ဖွင့်လှစ်သင်ကြားလျက်ရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံနေ့သင်တန်းကို နိုဝင်ဘာလ ၂၃ နံနက်ပိုင်းက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများက သာယာပျော်ရွင်စွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်