ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစိုက်ကွင်းများအတွင်း ဆီထွက်သီးနှံနေကြာအပါအဝင် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး၊ ၂၀၂၃ ခုနှစ်၊ ရိုးရာကောက်သစ် (အင်လုံအင်နန်) စား ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ‌ဒေသတွင်း ဆီစားသုံးမှုဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီ က မြစ်ကြီးနားမြို့၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

မိုးညှင်းမြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ချီဖွေမြို့နယ်တွင် လူငယ်များ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရေး လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများရရှိစေပြီး ဉာဏ်ပညာ မြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပူတာအိုခရိုင် Community Centre ခန်းမ၌ ဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာ(၂၁)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။

ချီဖွေမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများရရှိစေရေး၊ ဉာဏ်ပညာမြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ တည်ဆောက်သွားမည့် ယာယီကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းလျာထားမြေနေရာအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်ပြီး အခြေခံအဆောက်အအုံများဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး ဘဏ္ဍာနှစ်အလိုက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့တော်မြစ်ကြီးနားမြို့တွင် ယာယီကုန်တင်ယာဉ်ကြီးများ ရပ်နား၍ ကုန်တင်ကုန်ချပြုလုပ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် လျာထားမြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကချင်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပွဲတော်အား တက်ရောက်ဖွင့်လှစ်ပေး

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကချင်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/သူ အင်အားများစွာဖြင့် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပြုလုပ်သည်။

မိုးကောင်းမြို့၌ နန့်ခွင်ရေလွှဲဆည်အသစ်ဆောက်လုပ်ရာတွင်ပါဝင်သွားခဲ့သည့် လယ်ယာမြေ ဧရိယာများအတွက် နစ်နာကြေးနှင့်လျော်ကြေးငွေပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မိုးကောင်းမြို့နယ်အတွင်းရှိ နန့်ခွင်ရေလွှဲဆည်အသစ် ဆောက်လုပ်ခြင်းဆောင်ရွက်ခဲ့ရာ ဆည်မြောင်းတစ်လျှောက်တာရိုး၊ ကားလမ်းဖောက်လုပ်ခဲ့ရာတွင် ပါဝင်သွားသော တောင်သူ(၁၄)ဦး တို့၏လယ်ယာမြေဧရိယာများအတွက် နစ်နာကြေးနှင့်လျှော်ကြေးပေးဆောင်သည့် အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာ(၂၀)ရက် နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်ရုံးများမှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ငွေကျပ်သိန်း (၁၀၀)အား ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ နေထိုင် စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးလျက်ရှိရာ ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ယမန်နေ့ မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ စွမ်းရည် ပြသမှုကို ကြည့်ရှုအားပေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၄)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမ၌ နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
Subscribe to ကချင်ပြည်နယ်