ကချင်ပြည်နယ်

တနိုင်းမြို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ​ယမန်နေ့နံနက် ၁၀ နာရီတွင် ဟူးကောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း သား/ငါးစားသုံးမှုဖူလုံစေရေး ကြက်နှင့်ဝက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ သား/ငါး စားသုံးမှု ဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ပုဂ္ဂလိကပိုင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်‌ရေး ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နန်းကွေ့ ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဆဋ္ဌမအဖွဲ့အား ဆက်လက်ပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သင်တန်းတက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ဩဂုတ်လ(၂၃)ရက်နေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဆဋ္ဌမအဖွဲ့အား ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များကိုယ်ကာယကျန်းမာကြံ့ခိုင်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်လာစေရန်နှင့် ဒေသအတွက်အကျိုးပြုသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ် (၂၄)ရက် မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းကကြီးမှူးကျင်းပသော(၁၄)ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ (၁၄)ကြိမ်မြောက်အသင်းဝင်များ၏ သားသမီးများအနက် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းရုံး၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများနှင့် ဗန်းမော်ခရိုင်မှ ပညာရေးဝန်ထမ်းများအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ မိုးတွင်းကာလ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် စီစဉ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ဗန်းမော်ခရိုင်မှ ပညာရေးဝန်ထမ်းများအား ဆန်နှင့် အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်​ရေးကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုင် (၂၀) နှင့်အထက်မိုးရွာသီစက်ဘီးစီးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုင် (၂၀) နှင့်အထက် မိုးရွာသီစက်ဘီးစီးပြိုင်ပွဲကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ကစားသမား (၂၁) ဦးကိုမြို့နယ်ရဲစခန်းရှေ့မှ စတင်၍တာလွတ်ခဲ့သည်။ ယှဥ်ပြိုင်ကြသော ကစားသမား (၂၁)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တနိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လုံခြုံရေးပေးခဲ့ကြောင်း သိရသည်။

နောင်မွန်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် လက်ရှိပညာသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ အတုယူကြိုစားလာနိုင်စေရန်နှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပို့ချပေးခဲ့ ကြသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ဩဂုတ်လ၂၂ရက် နေ့လယ် ၁ နာရီတွင် နောင်မွန်းမြို့နယ်အခြေခံပညာအထက်တန်း‌ကျောင်း ထလမ်ရာဇီခန်းမ၌ ကျင်းပခဲ့သည်။

တနိုင်းမြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဒုတိယအကြိမ်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဒုတိယအကြိမ်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဟူးကောင်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဗန်းမော်ခရိုင်အတွင်းရှိ ဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးသည့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲသို့ တက်ရောက်

ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကား ပြောကြားသည်။
Subscribe to ကချင်ပြည်နယ်