ကချင်ပြည်နယ်တရားလွှတ်တော်ရုံး၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ မှာကြားချက်များအား ကချင်ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။