ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြည်နယ်အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားသို့ တက်ရောက်၊ Grade-12 သင်ဆ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ ယာယီတိမ်းရှောင် ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နမ္မတီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။