ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကွင်းသရုပ်ပြပွဲနှင့် တောင်သူများထံ စပါးမျိုးစေ့နှင့် ဓာတ်မြေသြဇာအိတ်များ ချီးမြှင့်ပေးအပ်ပွဲသို့တက်ရောက်၊ နမ္မတီးမြို့ရှိ ယာယီတိမ်းရှောင်ပြည်သူများအား အခမဲ့ဆေးဝါးကုသမှုပေးနိုင်ရေး အလှူငွေများထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လယ်သီးထပ်ဆောင်းသီးနှံ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တောင်သူအကျိုးဖြစ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်း (တပ်ကုန်းမြောက်ကွင်း)အတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် သွားရောက်တွေ့ဆုံသည်။

မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးမည့်ပျိုးပင်ပေါင်း (၁၈၁၀၀) ပင် ပျိုးထောင်ထားရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် ပျိုးပင်ပေါင်း (၁၈၁၀၀)ပင်ကို မြို့မသစ်တောပျိုးဥယျာဉ်ခြံတွင် ပျိုးထောင်ထားလျက် ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံစိုက်ပျိုးရိတ်သိမ်းပြီးစီးမှု၊ နွေစပါးသီးနှံစိုက်ပျိုးမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဝမ်းစာဖူလုံရေးနှင့် ဆီထွက်သီးနှံ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆီကြိတ်စက်များ အဆင့်မြှင့်တင် တိုးတက်လာနိုင်ရေးအတွက် ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့ (Community Centre) ၌ အတွေးရသစာဖတ်ဝိုင်းကျင်းပ

မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ်စာကြည့် တိုက်များဖောင်ဒေးရှင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အများပြည်သူ အသိပညာ ဗဟုသုတတိုးပွာလာစေရန်ရည်ရွယ်၍ အတွေးရသစာဖတ်ဝိုင်းကို မြစ်ကြီးနားမြို့ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့်ဌာန/အဖွဲ့အစည်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များနှင့်စပ်လျဉ်း၍ အလေးထားလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာန/ အဖွဲ့အစည်းများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြသည်။

ရွှေကူမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်မှစတင်၍ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်း၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြား

ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကကြီးမှူး၍ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များအတွက် မေလ (၈) ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့သော ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၈)နာရီက မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်စက်လှေဆိပ်၌ ကျင်းပပြုလုပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ Grade-12 ကျောင်းသား/ ကျောင်းသူများ စခန်းသွင်းပညာသင်ကြားမှု၊ ယာယီတိမ်းရှောင်ပြည်သူများအား တွေ့ဆုံအားပေး ထောက်ပံ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ယမန်နေ့နံနက် ၁၀ နာရီက တပ်မတော်အထူးလေယာဉ်ဖြင့် ရောက်ရှိပြီး မြစ်ကြီးနားမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရး Grade-12 ကျောင်းသား/ ကျောင်းသူများအား ဘာသာရပ်အလိုက် စခန်းသွင်း လေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ချီဖွေမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် Grade-12  ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ချီးမြှင့်ငွေများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် မေလ ၅ ရက်နေ့မှစတင်၍ စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသော ချီဖွေမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade -12 ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများ အား ယနေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ချီးမြှင့်ပေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်