ကချင်ပြည်နယ်

တနိုင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉:၃၀)က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြာပွဲ၊ကဗျာ ရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို အလေးထားတန်ဖိုး ထားတတ်စေရန်၊အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်နှင့်နူတ်မှုစွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ကဗျာရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကို ဇန်နဝါရီ (၂၃) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့ အ.ထ.က (၁) ၌ ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းနှင့် တပင်တိုင်ခြင်းလုံးဖြင့် သရုပ်ပြသ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မန္တလေးတိုင်း လက်ရွေးစင် ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းအလှခတ်ကစားခြင်းနှင့် တပင်တိုင်ခြင်းလုံး အလှခတ်ကစားကြခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းကွင်းပြင်၌ သရုပ်ပြသခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ် မူလွန်-ပုန်ခုန်းကျောင်း၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ရှိ တနိုင်းမူလွန်-ပုန်ခုန်းကျောင်း၌ ယမန်နေ့နံနက်(၉) နာရီခွဲက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများဖွင့်ပွဲ၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ(ဘောလုံး၊ဘောလီဘော၊ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်)ဖွင့်ပွဲအခမ်းအနားနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးနိုင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက တက္ကသိုလ်ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်ဆက်ကပ်အပ်နှင်း၊ လယ်သီးထပ်ဆောင်းဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စတုတ္ထအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ သာသနာ့ဗိမ္မာန်တော်၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ စာအောင်ဆုများကို တက်ရောက်ဆက်ကပ်အပ်နှင်းပေးကြသည်။

ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်အားပေး

ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပထမနှစ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းရှေ့ကွင်းပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ(၃)နာရီက တက္ကသိုလ် အားကစားကွင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်