ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကစားပြိုင်ပွဲများတွင် အောင်ပွဲရအောင် စွမ်းဆောင်ပေးခဲ့ကြသော အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှနည်းပြများအား ဆန်နှင့် အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုအားကစားသမားများအား အားကစားနည်းအလိုက် အောင်ပွဲရရှိအောင် စွမ်းဆောင်ပေးခဲ့သော နည်းပြများအား ကချင်ပြည်နယ် အစိုးရအဖွဲ့က ဆန်နှင့် အခြေခံစားသောက်ကုန်များ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။