၂၀၂၄ ခုနှစ်၊ မတ်လအတွက် အသင်းပေးစာအုပ်အဖြစ် “ယဉ်အောင်ဟိန်း” ရေးသားသည့် “ကျောက်သမား၊ ကျောက်စိမ်းနှင့် ကျောက်လောက” စာအုပ် ဖြန့်ချိ

ဤစာအုပ်ကို တန်ဖိုး ၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အသင်းဝင်များအတွက်မူ အသင်းဝင်သက်တမ်းအလိုက် သတ်မှတ်ထားရှိသည့် လျှော့နှုန်းအတိုင်း ခံစားခွင့်ရရှိမည် ဖြစ်သည်။

စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၄ ခုနှစ်၊ မတ်လထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “စားသောက်ကုန်ထုတ်လုပ်မှုနှင့် နည်းပညာဆန်းသစ်မှု” ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံ လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၀) ရက်တွင် စာအုပ် (၂) မျိုး ထပ်မံရရှိ

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၃ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၁၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင် ဖြန့်ချိ

ပုဒ်မ၂၅၀ တို့အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒ အလျောက် ဖျက်သိမ်းရန်ကြော်ငြာခြင်း၊ ထရီပယ်(အေ)စီးမန့်(တ်) အင်တာနေရှင်နယ်ကုမ္ပဏီ လီမိတက် လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၄၂၄ နှင့် မြန်မာနိုင်ငံကုမ္ပဏီများနည်းဥပဒေ ၃၂ အရ ၂၀၂၀ ပြည့်နှစ် လူမွဲခံယူခြင်းဆိုင်ရာဥပဒေပုဒ်မ၁၆၁ (က) (၃) (၄) နှင့် ပုဒ်မ၁၆၄ (က) တို့အရ တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းပေးရန်လျှောက်ထားမှုနှင့်စပ်လျဉ်းသည့် ကြေညာချက်တို့ ပါဝင်ပါသည်။

၁၆ - ၃ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၁၁) ထွက်ရှိ

၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ်(၁၁)၌ ကလေးများအနေဖြင့် မိမိအနီးရှိ အရာများကို တန်ဖိုးထားတတ်စေရန် မိမိအနီးနားရှိ ကြက်ဖကြီးကို ဂရုမစိုက်ဘဲ အဝေးရှိ ငန်းရိုင်းကြီးများကိုသာ ဂရုစိုက်နေသော မြို့စားကြီးအကြောင်းကို တင်ဆက်ထားသည့် “မြို့စားနှင့် ကြက်ဖကြီး” မျက်နှာဖုံးကာတွန်း၊ ကြောင်ကလေး ရေနစ်မည်ကို စိုးရိမ်၍ ကယ်တင်ပေးခဲ့သော ခွေးလေး၏ စိတ်ထားကောင်းပုံကို  ရေးဖွဲ့ထားသည့် “ဆုရတီအောင်- ခွေးနဲ့ ကြောင်” နှစ်မျက်နှာကာတွန်း၊ မိခင်ကို လုပ်ကိုင်ကျွေးမွေး၍ သုခများခံစားခဲ့ရသည့် ဖိုးအေးနှင့် လောဘ ကြီး၍ ဒုက္ခနှင့် တွေ့ကြုံခဲ့ရသည့် ဦးလောဘအကြောင်းကို
Subscribe to

အကြံပြုစာ/တိုင်ကြားစာ