၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၄၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ

NANDAW INVESTMENT COMPANY LIMITED မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Ignite Technology Group Company Limited၊ FUYUN MYANMAR COMPANY LIMITED၊ HUGE ROCKY COMPANY LIMITED၊ GIGANTIC COMPANY LIMITED ဖျက်သိမ်းရန်

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၁) ရက်တွင် စာအုပ် (၈) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

၂၂ - ၁၀ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၃) ထွက်ရှိ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၃) ၌ အဘွားသည် အဘိုးကို ကတိပေးထားသည့်အတိုင်း နွားကို ကြက်နှင့် အတွဲလိုက် တွဲရောင်းကာ နွားတန်ဖိုး၏တစ်ဝက်ကိုခွဲကာ အဘိုးအတွက် အလှူဒါနလုပ်ပေးပြီး ကျန်တစ်ဝက်ကို မိမိလုပ်ကိုင်စားသောက်ရန်အတွက် နွားလေးကို ပြန်ဝယ်လိုက်သည့် ဉာဏ်ထက်မြက်သည့် အဘွားအကြောင်းကို တင်ဆက်ထားသည့် “အဘိုးနဲ့ အဘွား” မျက်နှာဖုံးကာတွန်း၊

 ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆုရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ လက်ခံလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်တွင် စာအုပ် (၁၂၇) မျိုး ထပ်မံရရှိ

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၂ ခုနှစ် အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူနှင့် ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

လွင်မြန်မာ (မန်းတက္ကသိုလ်) ၏ “ပအိုဝ်းရိုးရာဒုံးလွှတ်ခြင်းဓလေ့နှင့် ဗမာဒုံးချင်းကဗျာများ” စာအုပ်ကို ဖြန့်ချိ

ပအိုဝ်းတိုင်းရင်းသားမျိုးနွယ်စု ဆင်းသက်လာပုံ၊ ဒုံးဝေါဟာရအဓိပ္ပာယ်၊ ဒုံးသမိုင်း၊ ဒုံးလွှတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ဒုံးအသေး၊ ဒုံးအကြီးပြုလုပ်ပုံအဆင့်ဆင့်၊ ယမ်းပြု လုပ်ပုံ၊ ရောစပ်ပုံ၊ ယမ်းထည့်သွင်းပုံ၊ နောက်ပိတ်ကို မြေကြီးဖြင့်ပိတ်ပေးရပုံ၊ ယမ်းထောင်းဆုံနှင့် မီးရိုက်ခုံပြုလုပ်ပုံ၊ ပဲ့တံပြုလုပ်တပ်ဆင်ပုံ၊ လွှတ်ကွင်းပြုလုပ်ပုံနှင့် ပူဇော်ပသပုံ၊ လွှတ်စင်ပြုလုပ်ပုံ၊ ပြိုင်ပွဲ လောင်းကြေးတင်ရပုံ၊ ဆုငွေရရှိပုံ စသည်တို့အပြင် ပအိုဝ်းတိုင်းရင်းသားတို့၏ ဒုံးလွှတ်ရာတွင် သီဆို ကခုန်ကြပုံနှင့် ဓနု၊ ယင်းနက်တို့၏ ရိုးရာဒုံးလွှတ်ခြင်းဓလေ့များကိုပါ ပြည့်ပြည့်စုံစုံ သုတေသနပြု ရေးသားထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
Subscribe to

အကြံပြုစာ/တိုင်ကြားစာ