ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ
ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ သည် အမှတ် ၁၅၀၊ ငါးထပ်ကြီးဘုရားလမ်း၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသည်။ စက်ရုံ၏မြေဧရိယာ အကျယ်အဝန်းမှာ ၃ ဒသမ ၉၅၇ ဧက ဖြစ်ပါသည်။
ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ သည် အမှတ် ၁၅၀၊ ငါးထပ်ကြီးဘုရားလမ်း၊ ဗိုလ်ချို (၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသည်။ စက်ရုံ၏မြေဧရိယာ အကျယ်အဝန်းမှာ ၃ ဒသမ ၉၅၇ ဧက ဖြစ်ပါသည်။
စက်ရုံတည်နေရာ အကျယ်အဝန်း
အထက်မြန်မာပြည်အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) သည် ချမ်းမြသာစည်မြို့နယ်၊ စစ/၁၁ အောင်ပင်လယ်ရပ်ကွက်၊ မန္တလေးမြို့တွင်တည်ရှိပါသည်၊ စက်ရုံ၏မြေအကျယ်အဝန်းမှာ အလျား၆၃၀ပေ×အနံ၄၄၀ပေ ရှိပြီး၊ မြေဧရိယာ (၆.၄၆) ဧက ဖြစ်ပါသည်။ ဝန်ထမ်းအိမ်ရာမြေ အကျယ်အဝန်းမှာ အလျား ၄၄၀ပေ×အနံ ၃၈၀ ပေ၊ ဧရိယာ (၂.၂၅) ဧက ဖြစ်ပါသည်။
စက်ရုံတည်နေရာအကျယ်အဝန်း
ဗဟိုပုံနှိပ်စက်ရုံသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း လက်အောက်ခံ ပုံနှိပ်စက်ရုံ တစ်ခုဖြစ်ပြီး ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းတွင် တည်ရှိပါသည်။ မြေက်ဘက်တွင် အနော်ရထာလမ်း၊ အရှေ့ဘက်တွင် ၄၆လမ်း၊ တောင်ဘက်တွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ အနောက်ဘက်တွင် သိမ်ဖြူလမ်းတို့ တည်ရှိပြီး စက်ရုံ၏ ဝင်/ထွက်ပေါက်မှာ သိမ်ဖြူလမ်းဘက်တွင် ရှိပါသည်။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံးဖတ်စာအုပ်များကို ပညာရေး ဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ် ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက် များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ပြည့်ဝရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။
၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ကြီး ၁/၂၀၂၀ အစည်းအဝေးကို ၂၁-၂-၂၀၂၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ကြီး ၁/၂၀၂၀ အစည်းအဝေးကို ၂၁-၂-၂၀၂၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Copyright © 2026. All rights reserved